Mindblown: a blog about philosophy.
-
မိဖုရားကြီးရဲ့ ကယ်တင်ရှင် လော့သခင်မလေး အပိုင်း ( ၉ ) ( Fut )
မိသားစုထဲမှာ အကြီးဖြစ်နေလို အငယ်ဖြစ်နေလို အလတ်ဖြစ်နေလိုဆိုပြီး ခွဲခြားဆက်ဆံခံရတဲ့သူလေးတွေရှိကြလား ဒီဇာတ်လမ်းလေးကတော့ အဲ့လိုခွဲခြားဆက်ဆံခံရရုံတင်မကဘူး မိခင်အရင်းအခြာရဲ့ နည်းမျိုးစုံ အကောက်ကြံတာခံရတဲ့ လော့နင်ဆိုသူ မိန်းကလေးရဲ့အကြောင်းဖြစ်ပါတယ် လော့နင်ဟာ အမတ်အိမ်က သမီးတစ်ဦးဖြစ်ပါတယ် တိုင်းပြည်မိခင် မိဖုရားကြီးကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကြောင့် အမတ်အိမ်မြှောက်စားခံခဲ့ရပေမယ့် ဒီအကျိုးရလဒ်ကို လော့နင်လေး မခံစားခဲ့ရပါဘူး ဒါတင်မကဘူး သားသမီးချင်းခွဲခြားဆက်ဆံတဲ့မိခင်ရဲ့ မီးရှိသတ်တာကိုပါ ခံခဲ့ရပါတယ် သေပြီးဝိဉာဉ်ဘဝနဲ့ ၁၈နှစ်ကြာ မျောနေရာက မတော်တဆ အတိတ်ကိုအချိန်ခရီးသွားခွင့်ရပြီး မသေခင်၃နှစ်အလိုအချိန်ဆီ ပြန်ရောက်သွားခဲ့ပါတယ် မိမိရဲ့ဖြစ်လာမယ့်ကံကြမ္မာ တိုင်းပြည်ရဲ့ အနာဂတ် ၁၈နှစ်ကြာကို ကြိုသိနေတဲ့သူတစ်ယောက်အဖြစ် လော့နင် ဘယ်လိုရှင်သန်အောင်ရုန်းကန်မလဲ သွေးသားရင်းဖြစ်ပေမယ့် မငဲ့ညှာခဲ့တဲ့မိသားစုကိုရော သူဘယ်လိုလက်စားချေမလဲ အမုန်းတွေ အာဃာတတွေကြားက ရေစက်ဆုံလာရတဲ့ ချစ်ရသူနဲ့ရော ပေါင်းဖက်ခွင့်ရမှာလားဆိုတာကို မင်မင်တိုရဲ့ ဇာတ်လမ်းလေးထဲမှာ စောင့်ကြည့်ရမှာပါ ကြည့်ပြီးရင်ထဲဟာခနဲကျန်ခဲ့ရစေမယ့် ဇာတ်လမ်းလေးမို လက်လွတ်မခံလိုက်နဲ့နော်…
-
ချမ်းသာတာကိုလျိုဝှက်ပြီး သားသမီးကို သင်ခန်းစာပေးမယ့်အဖေ အပိုင်း ( ၉ ) ( Fut )
မိဘတိုင်းကတော့ သားသမီးကို အကောင်းဆုံးဖြစ်စေချင်ကြမှာပဲ ကိုယ့်သားသမီးအတွက် အကောင်းဆုံးတွေ လုပ်ပေးချင်ကြမှာပဲ ဒါပေမယ့် ကိုယ့်ဘက်က အကောင်းဆုံးထင်ပြီးပေးလိုက်တဲ့အရာတွေ ဆုံးဖြတ်ချက်တွေက ကိုယ့်သားသမီးအတွက် သိမ်ငယ်စရာတွေ၊ စိတ်ဒဏ်ရာတွေပဲ ဖြစ်သွားတတ်ပါတယ် ဒီဇာတ်လမ်းကို ရှုထောင့်နှစ်ခုကနေ ကြည့်လိုရတယ် တစ်ခုက ကျန်းတယွမ်ရဲ့ အဖေနေရာရှုထောင့်… ကျန်းတယွမ်ဟာ အရည်အချင်းရှိပြီးထက်မြက်တဲ့လုပ်ငန်းရှင်တစ်ယောက်… နှစ်ပေါင်းများစွာ စီးပွားရေးပြိုင်ဆိုင်မှုတွေကြားမှာ ရုန်းကန်ရင်း အနိုင်ယူလာခဲ့တဲ့သူတစ်ယောက်… မိန်းမဆုံးပြီး သားလေးကျန်ခဲ့တဲ့အချိန်မှာတော့ သူ့သားကို သူ့လိုပြိုင်ဆိုင်မှုတွေကြားမှာပဲ ဘဝကိုမနစ်မွန်းစေချင်ဘူး သာမန်လူတစ်ယောက်လိုပဲ ဖြတ်သန်းစေချင်တယ် ဒါကြောင့် သူ့သားဘဝတစ်လျှောက်လုံး သူ့ရဲ့သူဌေးဘဝကို ကြောင်လက်သည်းဖွက်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ် တစ်ဖက်မှာလည်းသားဖြစ်သူကျန်းရှီဟာဆင်းရဲလွန်းလိုအပေါင်းအသင်းဆွေမျိုးတွေကြားမှာအနှိမ်ခံဘဝနဲ့ကြီးပြင်းလာခဲ့ရပါတယ်ဖခင်ဖြစ်သူရဲ့သွေးအပြည့်ရှ်တဲ့ကျန်းရှီဟာအနှိမ်ခံရမှုတွေကြောင့်မခံချင်စိတ်တွေရုန်းထလာပြီးအထက်ကိုတက်နိုင်ဖိုအသဲအသန်ကြိုးစားပါတော့တယ် ကျန်းရှီတစ်ယောက် သူ့ရည်မှန်းချက်အတိုင်း လူတွေရဲ့ လေးစားအားကျမှုကို ရလာနိုင်မလား?? ကျန်းတယွမ်ကရော စိတ်ပြောင်းသွားဖိုရှိမလား?? မိတ်ဆွေတိုရော ဘယ်လိုမြင်ကြလဲ “သားသမီးကို အပင်ပန်းခံခိုင်းပြီး ပျိုးထောင်တာကောင်းလား” မိတ်ဆွေတိုရဲ့အမြင်လေးတွေကို ပြောပေးသွားကြပါဦးနော် .
-
မြှုပ်ကွက်များနဲ့ သူမ၏ဘဝ အပိုင်း ( ၄၀ END ) ( Fut )
ဒီဇာတ်လမ်းလေးကတော့ လီချီးချီးဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အမျိုးမျိုးသော ဘဝအနိမ့်အမြင့်တွေကို ရိုက်ပြထားတဲ့ဇာတ်လမ်းလေးပါ ကလေးချင်းမှားပြီး သူများအိမ်မှာ ကြီးပြင်းခဲ့ရပြီးမှ အရွယ်ရောက်လာတဲ့အချိန် အဖြစ်မှန်တွေ ပေါ်လာပြီး စွန့်ပစ်ခဲ့လိုက်ရတဲ့အတွက် လီသခင်မလေးဘဝကနေ ဟော့အိမ်တော်ကပ်နေရတဲ့ဘဝရောက် သွားခဲ့ပါတယ် အဲဒီနောက် ဖခင်အရင်းပေါ်လာတဲ့အခါ ဖခင်ဖြစ်သူဟာ မြိုရဲ့ ထိပ်သီးသူဌေးကြီးဖြစ်နေတဲ့အတွက် ရွှေဘုံပေါ်ပြန်ရောက်သွားရပြန်တယ် ဒီလိုအနိမ့်အမြင့် စုံလင်တဲ့ သူ့ဘဝထဲ ရောက်လာတဲ့ ချစ်သူကရော ဘယ်လိုလူမျိုး ဖြစ်နေမလဲ?? ဖခင်ဖြစ်သူရဲ့ အတိတ်ကြောင်းတွေက သူ့ဘဝကို ဘယ်လိုရိုက်ခတ်လာမလဲဆိုတာကို “မြှုပ်ကွက်များနဲ့ သူမဘဝ” ဆိုတဲ့ ဇာတ်လမ်းလေးမှာ ဝင်ရောက်ကြည့်ရှုလိုက်ရအောင်နော် ဇာတ်လမ်းလှည့်ကွက် အရမ်းများတာနဲ့ ဖန်ဖန်လေးတိုအတွက် ရင်တဖိုဖိုဖြစ်စေမယ်ဆိုတာကိုတော့ မင်မင်အာမခံနိုင်ပါတယ်.
-
နှလုံးသားစီရင်ခန်း အပိုင်း ( ၂၅ ) ( END ) ( Fut )
“အသက်ထက်ပိုချစ်တယ်” ဒီစကားဟာ ချစ်သူလင်မယားတွေကြား မကြာခဏကြားရလေ့ရှိတဲ့ စကားလေးတစ်ခွန်းဖြစ်ပါတယ် နှုတ်ဖျားပေါ် သကာရည်လောင်းထားတဲ့ အပေါ်ယံစကားဖြစ်မလား တကယ်ပဲ ရင်ထဲက စကားအစစ်ဖြစ်လားဆိုတာကိုတော့ အချိန်ဆိုတဲ့စက်ဝန်းကြီးက စီရင်ဆုံးဖြတ်ပေးလေ့ရှိပါတယ် ဖုဟန်ချွမ်းဟာ ကျိကျိတက်ချမ်းသာလွန်းတဲ့သူဌေးကြီးဖြစ်ပြီး ရုပ်ရည်လည်း ချောမောသူဖြစ်တာကြောင့် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို ပြောနိုင်ပါတယ် ဒါပေမယ့် သူ့မှာလည်း အားနည်းချက်တစ်ခုရှိနေပါသေးတယ် သူ့ရဲ့ခန္ဓာကိုယ်တွင်းမှာ ပြည့်ဝလွန်နေတဲ့ယန်ဓာတ်က အဆိပ်သဖွယ်လှိက်စားနေပါတယ် သူ့ရဲ့ရောဂါကို ကုသနိုင်ဖိုအတွက် ယင်ဓာတ်ပြည့်ဝတဲ့မိန်းကလေးတစ်ဦးနဲ့ နှစ်ကူးလပြည့်ညအချိန်မှာ သံဝါသပြုမှသာလျှင် ရောဂါပျောက်ကင်းနိုင်မှာဖြစ်ပါတယ် သိုသော်လည်း ယင်ဓာတ်ပိုင်ရှင်အမျိုးသမီးကတော့ ချီစွမ်းအင်ပျက်စီးပြီး သေဆုံးသွားနိုင်ပါတယ် သူလိုချင်တဲ့ယင်ဓာတ်ပြည့်ဝသူကို လတိုင်းရှာဖွေရာက ရှီယွဲဆိုတဲ့မိန်းကလေးကို ကံကောင်းစွာနဲ့ တွေ့ရှိသွားခဲ့ရပါတယ် ကံဆိုးစွာနဲ့ပဲ ဖုဟန်ချွမ်းတစ်ယောက် ရှစ်ယွဲကိုမှ ချစ်မိသွားခဲ့ပါတယ် နှစ်ယောက်ထဲက တစ်ယောက်သေမှဖြစ်မယ့် ကံကြမ္မာမျိုးကို ပိုင်ဆိုင်ထားတဲ့ ဖုဟန်ချွမ်းနဲ့ ရှစ်ယွဲ ဘယ်သူက ရှင်ပြီး ဘယ်သူက အစတေးခံလိုက်ရမလဲဆိုတာကိုတော့ နှစ်ဦးကြားချည်နှောင်မိသွားတဲ့…
-
ဆင်းရဲခြင်းမှ အိုလံပစ်ဆီသို့ အပိုင်း ( ၂၆ ) ( Fut )
လင်ဝမ်ဝမ်ဟာ broken family က ဆင်းသက်လာခဲ့ရပြီး အတူနေ ဖခင်ဖြစ်သူကလည်း ဆီးကျိတ်ကင်ဆာ ဖြစ်နေရှာပါတယ် မိခင်ဖြစ်သူကတော့ ကျန်းမာရေးချူချာတဲ့သမီးဖြစ်သူရဲ့ဒဏ်ကို မခံနိုင်ဘဲ မိသားစုကို စွန့်ပစ်သွားခဲ့တာပါ ဆင်းရဲပေမယ့် သိတတ်လွန်းတဲ့လင်ဝမ်ဝမ်ဟာ ရှိတာနဲ့စားပြီး အားဖြစ်အောင် ကြိုးစားရှင်သန်ခဲ့ပါတယ် ဒီလိုမျိုး မွေးကတည်းက ချူချာပြီး အာဟာရပြည့်ဝအောင် မစားနိုင်တဲ့ကလေးမလေးလင်ဝမ်ဝမ်ဟာ အလေးမ, အားကစားမှာ ပါရမီပါလာတဲ့အခါ… ရွှေရှိမှ ရံချင်ကြတဲ့ ဆွေမျိုးသားချင်းတွေအကြောင်း၊ ငွေကြေးမပါတဲ့အိမ်ထောင်ရေးရဲ့ နောက်ဆက်တွဲရလဒ်တွေအကြောင်းကို ရေလည်စွာရိုက်ပြထားတဲ့ ဇာတ်လမ်းမို မင်မင် အထူး Recommend ပေးလိုက်ပါရစေ
-
သားမိုက်တစ်ယောက်ရဲ့နောင်တ အပိုင်း ( ၂၂ ) ( Fut )
လင်ယန်ကျိန်းဟာ ဦးနှောက်ကျပ်မပြည့်တဲ့မိခင်တစ်ယောက်ဖြစ်ပြီး သားသမီးနှစ်ယောက်နဲ့အတူ ဘဝကို ချိုချိုတဲ့တဲ့ဖြတ်သန်းနေရှာသူပါ သမီးဖြစ်သူထင်းထင်းက သိတတ်လိမ်မာသလောက် သားဖြစ်သူကျန်းလိန်ကတော့ ဗီဇဆိုးရှိသူတစ်ယောက်ဖြစ်ပါတယ် ကလေးတွေငယ်စဉ်မှာပဲ အမှတ်မထင်ဖြစ်ရပ်တစ်ခုကြောင့် ယန်ကျိန်းတစ်ယောက် သမီးကြီးထင်းထင်းကို ဆုံးရှုးလိုက်ရပါတယ် မသိတတ်တဲ့သား၊ နွမ်းပါးလွန်းတဲ့အခြေအနေကြားမှာ မွေးရာပါ ဦးနှောက်ချိုယွင်းနေတဲ့ယန်ကျိန်းဟာ သမီးဖြစ်သူနဲ့ သားဖြစ်သူအပေါ် ဘယ်လိုမိခင်မေတ္တာကို ပြသွားမလဲဆိုတာကို မင်မင်တို စောင့်ကြည့်လိုက်ရအောင်နော် မိဘဆိုတာ ရူးနေရင်တောင် သားသမီးအပေါ်မေတ္တာမလျော့ဘူးဆိုတာ ပြသွားဇာတ်လမ်းလေးမိုလို အဝေးရောက်သားသမီးတွေ မိဘမေတ္တာလွမ်းဆွတ်နေတဲ့ သားသမီးတွေ ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပါလို အကြံပြုပါရစေ
Got any book recommendations?