“ကလေးတစ်ယောက်ရဲ့မွေးနေ့ဆိုတာ မိခင်တစ်ယောက်အတွက် အခက်ခဲဆုံးအချိန်”တဲ့
သာမန်လူတစ်ယောက်အတွက် မွေးနေ့ဆိုတာ မိခင်နဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို ဖော်ကျူးတဲ့ ပျော်စရာနေ့လေးတစ်နေ့ဆိုပေမယ့် ရွှဆွေအန်းဆိုတဲ့ ကောင်လေးအတွက်ကတော့ နာကျင်စရာကောင်းတဲ့နေ့ပဲဖြစ်ပါတယ် တခြားကလေးတွေ မွေးနေ့လက်ဆောင်အဖြစ် တန်ဖိုးကြီးပစ္စည်းတွေ တောင်းနေချိန်မှာ သူလေးလိုချင်တဲ့မွေးနေ့လက်ဆောင်ကတော့ မေမေ့ဆီက အနမ်းတစ်ပွင့်ပဲ ဖြစ်ပါတယ်
မလိုချင်ဘဲ ရခဲ့တဲ့ကိုယ်ဝန် မချစ်တဲ့သူရဲ့ရင်သွေးမို မိခင်မေတ္တာ မရတဲ့အထဲမှာ တစိမ်းတစ်ဦးကပါ ဝင်စွက်လာတဲ့အခါ ဆွေအန်းလေးခမျာ အဆုံးမရှိစိတ်ဒဏ်ရာတွေပဲ ရခဲ့ရရှာပါတယ် ဒါပေမယ့်လည်း မိခင်အပေါ် အပြစ်မမြင်ခဲ့ဘဲ သေခါနီးအချိန်အထိတောင် မိခင်မေတ္တာကို မျှော်လင့်သွားခဲ့ရှာပါတယ်
မိခင်ဖြစ်သူကရော ဘယ်အချိန်မှ သားဖြစ်သူဆွေအန်းရဲ့မေတ္တာစစ်ကို ခံစားမိမှာလဲ??
မိခင်နဲ့ သားကြား ဘာအထင်လွဲမှုတွေ ရှိနေလဲ?? နောက်ကွယ်မှာ ဘာအမှန်တရားတွေ ရှိနေသေးတာလဲ??
.
.
Leave a Reply