Category: Uncategorized
-
ဘဝသေတဲ့အထိ ဖြစ်သွားစေတဲ့စကားတစ်ခွန်း အပိုင်း ( ၄ ) ( Fut )
ဘဝေ-သ တဲ့အထိဖြစ်သွားရတဲ့ စကားတစ်ခွန်းက ဘာဖြစ်မလဲ လင်ဝေးဟာ ဖခင် ထျန်းမင် မိခင် ကျင်းလန်တိုနဲ့အတူ ပျော်ရွှင်စရာမိသားစုလေး ပိုင်ဆိုင်ထားပြီး မေတ္တာတရားတွေနဲ့ ပြည့်နှက်နေတဲ့ မိသားစုလေးတစ်ခုဆိုလည်း မမှားပါဘူး ဒီလိုမျိုး သာယာအေးချမ်းနေတဲ့မိသားစုဘဝလေးဟာ ဖခင်ဖြစ်သူ ထျန်းမင်ရဲ့ အသက်၅၀ပြည့်မွေးနေ့မှာ နေ့တွင်းချင်း ရုတ်တရက် ပျက်စီးသွားခဲ့ပါတယ် အဲဒါကတော့ မိခင်ဖြစ်သူ ကျင်းလန်က ထျန်းမင်ကို စကားတစ်ခွန်း တီးတိုးပြောခဲ့တာပဲ ဖြစ်ပါတယ် စကားတစ်ခွန်းက အေးချမ်းနေတဲ့မိသားစုဘဝကို ဖျက်ဆီးပစ်ခဲ့တဲ့အပြင် နောက်ဆက်တွဲ မထင်မှတ်ထားတာတွေ အများကြီး ထပ်ဖြစ်လာတဲ့အခါ… . .
-
ပျောက်ဆုံးသွားသော သခင်မလေး အပိုင်း ( ၁၆ ) ( Fut )
စူးရှန့်ဝမ်ဟာ ဒေလီပို့ပြီး ချစ်သူကို ကျောင်းထားပေးခဲ့ပေမယ့် အောင်မြင်လာချိန်မှာ စွန့်ပစ်ခံလိုက်ရတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ် မိမိအပေါ်သစ္စာဖောက်ခဲ့တဲ့ချစ်သူဖန်းဟောက်အပေါ် စိတ်နာနေချိန်မှာ မြို့ရဲ့အချမ်းသာဆုံးသူဌေးကြီး ပေါ်ယဲ့ချင်မှ အပေးအယူတစ်ခု ကမ်းလှမ်းလာခဲ့ပါတယ် အဲဒါကတော့ စူးရှန့်ဝမ်နဲ့ ရုပ်ချင်းအရမ်းတူတဲ့ ချင်ယွီနင်နေရာမှာ ဝင်သရုပ်ဆောင်ပြီး ပေါ်ယဲ့ချင်နဲ့ ချင်ယွီနင်ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့ပဲ ဖြစ်ပါတယ် ဒီကမ်းလှမ်းချက်အတိုင်း ဝင်သရုပ်ဆောင်နေရင်းမှ အခက်အခဲအမျိုးမျိုးကြုံခဲ့ရပြီး ထက်မြက်ပြတ်သားတဲ့ စူးရှန့်ဝမ်ကို သူဌေးကြီးပေါ်ယဲ့ချင် တကယ်ကြွေမိသွားတဲ့အခါ… ပေါ်ယဲ့ချင်နဲ့စူးရှန့်ဝမ်တို့ရဲ့ အပေးအယူ အောင်မြင်သွားနိုင်မလား?? ပျောက်ဆုံးသွားတဲ့ ချင်ယွီနင်အစစ်ကရော ဘယ်ရောက်နေမလဲ?? . .
-
နတ်သမီးလေး ကျန်းရှီချီး အပိုင်း ( ၄၅ ) ( Fut )
ကျန်းမြောင် (ကျန်းရှီချီး) ဟာ နတ်ဘုရားမလေးတစ်ပါးဖြစ်ပြီး သေမျိုးဘုံမှာ ဆင်းရဲဒုက္ခကိုးပါး လာဖြတ်ကျော်နေတာဖြစ်ပါတယ် ကျန်းမြောင်ဟာ အမတ်အိမ်တော်ရဲ့ သမီးအဖြစ် အယောင်ဆောင်ပြီး မိစ္ဆာရန်က ကာကွယ်ပေးနေခဲ့ပါတယ် ဒါပေမယ့်သမီးအရင်းပေါ်လာတဲ့အချိန်မှာတော့ အမတ်အိမ်တော်ကနေ မောင်းထုတ်ခံလိုက်ရပါတယ် ဒါကြောင့် အမတ်အိမ်တော်ကို စိတ်ဆိုးသွားတဲ့ နတ်ဘုရားမလေးဟာ လက်စားချေဖို စီစဉ်ပါတော့တယ် သရဲဆီကငွေကိုတောင် အလွတ်မပေးဘဲ ငွေအရမ်းမက်တဲ့နတ်ဘုရားမလေးနဲ့ ဘုရင်မရဲ့တစ်ဦးတည်းသော မောင်လေးတို ဆုံမိတဲ့အချိန်မှာတော့… အချိန်တော်တော်ကြာငြိမ်နေတဲ့ မမရှီချီးရဲ့အသစ်ထွက်လာတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် ရှီချီးကရှီချီးပဲမိုလို ဇာတ်လမ်းရိုက်တဲ့အခါ ဘယ်လိုဆန်းပြားတဲ့ ဇာတ်ကွက်တွေပါမလဲ ဘယ်လိုဇာတ်လမ်းကိုသရုပ်ဖော်ထားလဲဆိုတာ အားလုံးစောင့်ကြည့်အားပေးလိုက်ကြပါဦးနော် . .
-
ချစ်သူသိစေ အပိုင်း ( ၂၅ ) ( Fut )
အရမ်းချစ်ခဲ့ရတဲ့ ရည်းစားဟောင်းကို တစ်ချိန်မှာ ကိုယ့်တူရဲ့ ဇနီးလောင်းအနေနဲ့ ပြန်တွေ့ခွင့်ရမယ်ဆိုရင် ဘယ်လိုနေမှာလဲ?? ရှီးမိန်လီချန်နဲ့ ကျန်းဝမ်ကျင်းတို့ဟာ အရမ်းချစ်တဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ် ဒါပေမယ့် လီချန်ရဲ့ အမေကြောင့် ဝေးသွားခဲ့ရပြီး လီချန်လည်း နိုင်ငံခြားရောက်သွားသလို ကျန်းဝမ်ကျင်းဟာလည်း လီချန်ရဲ့တူနဲ့ စေ့စပ်ခဲ့ရပါတယ် လီချန်ရဲ့တူ ဖုဟယ်ယွဲ့ကို ကျန်းဝမ်ကျင်းမချစ် အထိမခံသလို ဖုဟယ်ယွဲ့ကလည်း ကျန်းဝမ်ကျင်းကို အရွဲ့တိုက်ပြီး မျက်စိရှေ့တင် မိန်းမပေါင်းများစွာနဲ့ ရှုပ်ပွေခဲ့ပါတယ် ဒီလို ဆိုးဝါးလှတဲ့အိမ်ထောင်ရေးတစ်ခုကို အစပြုဖို့ နှစ်ယောက်လုံး မိုက်မိုက်ကန်းကန်း ကြိုးစားနေချိန်မှာ ရည်းစားဟောင်းဖြစ်သူ လီချန် ပြန်ရောက်လာတဲ့အခါ… ချစ်ရတဲ့ လီချန်နဲ့ စေ့စပ်ထားသူ ဖုဟယ်ယွဲ့ ဒီနှစ်ဦးမှာ ကျန်းဝမ်ကျင်း ဘယ်သူ့ကို ရွေးချယ်မလဲ?? ကျန်းဝမ်ကျင်းကရော ဖုဟယ်ယွဲ့ကိုမချစ်ဘဲ ဘာကြောင့် စေ့စပ်ခဲ့တာလဲ?? . .
-
သားအရင်းထက် မွေးစားသားကို ပိုချစ်တဲ့အမေ အပိုင်း ( ၃၃ ) ( Fut )
“ကလေးတစ်ယောက်ရဲ့မွေးနေ့ဆိုတာ မိခင်တစ်ယောက်အတွက် အခက်ခဲဆုံးအချိန်”တဲ့ သာမန်လူတစ်ယောက်အတွက် မွေးနေ့ဆိုတာ မိခင်နဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို ဖော်ကျူးတဲ့ ပျော်စရာနေ့လေးတစ်နေ့ဆိုပေမယ့် ရွှဆွေအန်းဆိုတဲ့ ကောင်လေးအတွက်ကတော့ နာကျင်စရာကောင်းတဲ့နေ့ပဲဖြစ်ပါတယ် တခြားကလေးတွေ မွေးနေ့လက်ဆောင်အဖြစ် တန်ဖိုးကြီးပစ္စည်းတွေ တောင်းနေချိန်မှာ သူလေးလိုချင်တဲ့မွေးနေ့လက်ဆောင်ကတော့ မေမေ့ဆီက အနမ်းတစ်ပွင့်ပဲ ဖြစ်ပါတယ် မလိုချင်ဘဲ ရခဲ့တဲ့ကိုယ်ဝန် မချစ်တဲ့သူရဲ့ရင်သွေးမို မိခင်မေတ္တာ မရတဲ့အထဲမှာ တစိမ်းတစ်ဦးကပါ ဝင်စွက်လာတဲ့အခါ ဆွေအန်းလေးခမျာ အဆုံးမရှိစိတ်ဒဏ်ရာတွေပဲ ရခဲ့ရရှာပါတယ် ဒါပေမယ့်လည်း မိခင်အပေါ် အပြစ်မမြင်ခဲ့ဘဲ သေခါနီးအချိန်အထိတောင် မိခင်မေတ္တာကို မျှော်လင့်သွားခဲ့ရှာပါတယ် မိခင်ဖြစ်သူကရော ဘယ်အချိန်မှ သားဖြစ်သူဆွေအန်းရဲ့မေတ္တာစစ်ကို ခံစားမိမှာလဲ?? မိခင်နဲ့ သားကြား ဘာအထင်လွဲမှုတွေ ရှိနေလဲ?? နောက်ကွယ်မှာ ဘာအမှန်တရားတွေ ရှိနေသေးတာလဲ?? . .
-
ကိုယ့်ကိုပစ်ပစ်ခါခါငြင်းခဲ့တဲ့exကို လက်စားချေခွင့်ပြန်ရချိန် အပိုင်း ( ၄၈ ) ( END ) ( Fut )
အချစ်ဆိုတာဟာ လူတစ်ယောက်ရဲ့ဘဝကို အမြင့်ဆုံးထိ ဆွဲတင်ပေးနိုင်သလို အောက်ဆုံးထိ ရောက်အောင်လည်း ဆွဲချပေးနိုင်တဲ့အစွမ်းရှိပါတယ် ကိုယ်အရမ်းချစ်ရတဲ့ချစ်သူဆီက “ဆင်းရဲသားမို မယူနိုင်ပါဘူး”ဆိုတဲ့စကားတစ်ခွန်းကြောင့် သုညဘဝကနေ အချမ်းသာဆုံးသူဌေးကြီးဖြစ်လာအောင် ကြိုးစားခဲ့တဲ့ ပေါ်ယွင်ဖုန်းဆိုတဲ့ကောင်လေးဟာ ချစ်ရသူ စူးချန်ချန်အပေါ်ထားတဲ့ အချစ်တွေနဲ့အမုန်းတွေ ရောထွေးပြီး နာကျင်နေခဲ့ရပါတယ် လက်စားချေလိုစိတ်အပြည့်နဲ့ စိတ်နာနေခဲ့တဲ့ပေါ်ယွင်ဖုန်းဆီကို အခွင့်အရေးတစ်ခုက ရောက်လာခဲ့ပါတယ် အဲဒါကတော့ ရည်းစားဟောင်းစူးချန်ချန်က ပေါ်ယွင်ဖုန်းရဲ့အိမ်မှာ သန့်ရှင်းရေးသမားအဖြစ် အလုပ်ဝင်လာခဲ့တာပဲဖြစ်ပါတယ် ဒါပေမယ့် အံ့ဩစရာကောင်းစွာနဲ့ စူးချန်ချန်သာ ကလေးတစ်ယောက်အမေ တစ်ခုလပ်ဖြစ်နေပြီး ပေါ်ယွင်ဖုန်းကိုရော ပတ်သက်ခဲ့တဲ့အတိတ်ကိုပါ ဘာမှ မမှတ်မိနေခဲ့ပါဘူး ပေါ်ယွင်ဖုန်းရင်ထဲမှာ စူးချန်ချန်အတွက် စကားလုံးပေါင်းများစွာ မေးခွန်းပေါင်းများစွာရှိနေခဲ့ပေမယ့် စူးချန်ချန်အတွက်တော့ ပေါ်ယွင်ဖုန်းဟာ သူစိမ်းတစ်ယောက်ထက် မပိုတဲ့အခါ… ပရိသတ်တိုရော တချိန်က အရင်းနှီးဆုံးပတ်သက်ခဲ့တဲ့ချစ်ရသူကို အခုချိန်သူစိမ်းလူအနေနဲ့ ပြန်တွေ့ခွင့်ရမယ်ဆိုရင် ဘာတွေပြောဖြစ်မယ်ထင်လဲ?? ဘယ်လိုပြောင်းလဲသွားမယ်ထင်လဲ?? . .
-
ကျားဖြန့်လုပ်ရင်း ကိုယ့်သမီးမှန်းမသိဘဲ အပိုင်း ( ၃၅ )( END ) ( Fut )
“ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်“ ကျောက်တညန်ဟာ လူတွေကို လိမ်ညာပြီး မိန်းမပျိုတွေကို ရောင်းစားတဲ့ ကျားဖြန့်ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ် ကိုယ့်ရှေ့မှာ လူတစ်ယောက်လုံးသေသွားရင်တောင် အ,တဲ့သူခံဆိုပြီးမျက်နှာလွှဲနေနိုင်တဲ့အထိသွေးအေးတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး ကျောက်တညန်မှာသမီးလေးတစ်ယောက်ရှိပြီးသမီးအပေါ်တော့အရမ်းချစ်တဲ့ဖခင်တစ်ယောက်ဖြစ်ပါတယ်သမီးအပေါ်အရမ်းချစ်လွန်းလို့ကိုယ်လုပ်နေတဲ့အလုပ်ကိုတောင်မပြောပြဘဲသာမန်ပလုံကောက်သမားအဖြစ်သာသမီးကိုအသိပေးထားခဲ့ပါတယ် လူဆိုတာ ကိုယ့်သွေးသားထိမှ ပူလောင်တတ်ပြီး ကိုယ့်အသားထိမှ နာတတ်တာမျိုး ဖြစ်ပါတယ် ကျောက်တညန်လုပ်ခဲ့သမျှ မကောင်းမှုတွေအားလုံးဟာ သမီးဖြစ်သူ ကျောက်ဝမ်ထင် ပေးဆပ်ရမယ့် ဝဋ်ကြွေးတစ်ခု ဖြစ်လာတဲ့အခါမှာတော့… သမီးဖြစ်သူအပေါ် နူးညံ့သလောက် အပြင်လူတွေအပေါ် သွေးအေးရက်စက်တတ်တဲ့ကျောက်တညန်တစ်ယောက် သူ့ရဲ့သားကောင်ဖြစ်လာတဲ့ သမီးကျောက်ဝမ်ထင်အပေါ်ကိုရော ဘယ်လို တုံ့ပြန်မှာလဲ?? ကျောက်ဝမ်ထင်ကရော ဖခင်ဖြစ်သူရဲ့ အမှန်တရားကို အချိန်မီ သိသွားမှာလား?? ကျောက်တညန်တစ်ယောက် နောက်ပြန်လှည့်ဖို့ လမ်းကြောင်းရှိသေးသလားဆိုတာကိုတော့ မင်မင်တို့အတူတူ စောင့်ကြည့်ရင်ခုန်လိုက်ရအောင်နော် . .
-
မမလေးပေါက်စီ လျို့ဝှက်ချက် အပိုင်း ( ၂၀ ) ( Fut ) ( END )
ကျင်းအိမ်တော်ရဲ့ပေါက်စီဟာ ဘေးဆိုင်တွေ မနာလိုရတဲ့အထိ ရောင်းအားကောင်းတဲ့ ပေါက်စီဆိုင်ဖြစ်ပါတယ် ရောင်းတဲ့သူကလည်းလှ ပေါက်စီကလည်း အရသာရှိဆိုတော့ အကန့်အသတ်နဲ့ပါ ရောင်းရတဲ့အထိ နာမည်ကြီးပါတယ် ဒါပေမယ့် ပေါက်စီဆိုင်ပိုင်ရှင် ကျင်းမမလေးက သူ့သမီးကိုတော့ ဆိုင်ကပေါက်စီ ပေးမစားတဲ့အပြင် ပေါက်စီအစာသွပ်ဖိုအသားလည်း ထွက်မဝယ်ဖူးတာကြောင့် သမီးဖြစ်သူရဲ့ သံသယတွေ တဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ် ဒါတင်မကသေးဘူး ကျင်းအိမ်ရဲ့ မီးဖိုချောင်ထဲ ဝင်သွားသမျှ ယောက်ျားတွေအားလုံး စုပ်စမြုပ်စ ပျောက်ကွယ်သွားတဲ့အတွက် ကျင်းပေါက်စီမှာ သုံးတဲ့အသားနဲ့ ပတ်သက်ပြီး ကောလဟာလတွေအမျိုးမျိုး ထွက်လာခဲ့ပါတယ် ပရိသတ်တိုရော ဘယ်လိုထင်လဲ ကျင်းမမလေးက တကယ်ပဲ သူ့အလှနဲ့မြှူဆွယ်ပြီး ယောက်ျားတွေကို ဘာလုပ်လိုက်တာ ဖြစ်မလဲ?? ဒီနောက်ကွယ်မှာ အကြောင်းရင်းတစ်ခုခု ရှိနေမလား?? . .
-
အစားပုပ်မလေးရဲ့ ဖူးစာရှင် အပိုင်း ( ၂၅ ) ( END ) ( Fut )
စူးမုဟယ်ဟာ ဖြတ်လတ်တက်ကြွတဲ့မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး ကမ္ဘာနှစ်ခြမ်းကွဲသွားရင်တောင် အစားအသောက်ရှိတဲ့ဘက်မှာပဲ နေမယ့်သူမျိုး ဖြစ်ပါတယ် တစ်နေ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝက်ခြေထောက်လုဝယ်ရင်း ကိုလူချောလေး ဒေါက်တာလုကျင်ဟန်နဲ့ ဆုံတွေ့ခဲ့ပါတယ် တွေ့တွေ့ချင်းမှာပဲ စူးမုဟယ်ရဲ့လက်ကောက်ကြောင့် စူးမုဟယ်ဟာ သူ့ရဲ့ငယ်ဘဝကအချစ်ဦးမှန်း လုကျင်ဟန်သိသွားခဲ့ရတဲ့အခါ… စူးမုဟယ်လေး ဘယ်လိုတောင် ချစ်ဖိုကောင်းနေလို ဒေါက်တာကိုကိုရဲ့ အသဲကို သိမ်းပိုက်သွားနိုင်တာလဲဆိုတာ မင်မင်တို အတူတူ စောင့်ကြည့်ခံစားလိုက်ရအောင်နော် . .
-
မေမေ့ရဲ့ကယ်တင်ရှင်သမီးလေး အပိုင်း ( ၃၇ )( END ) ( Fut )
မေတ္တာတွေထဲမှာ ပေါပေါများများရသလောက်တန်ဖိုးမထားမိတာဆိုလို မိခင်မေတ္တာပဲရှိပါတယ် အမေဖြစ်သူက မျက်စိတစ်ဖက်လပ်၊ ခြေတစ်ချောင်းကျိုးနေတဲ့သူဆိုပြီး ငြိုငြင်ခဲ့ အရှက်ရခဲ့တဲ့ ဟွေ့ဝိန်လေးဟာ အမေ့အသုဘမှာမှ အမေဒုက္ခိတဖြစ်ရတဲ့အကြောင်းရင်းကို သိလိုက်ရပါတယ် လူမဆန်တဲ့အဘိုးကြောင့် မျက်စိကန်းခဲ့ရပြီး အတ္တကြီးလွန်းတဲ့အဖေကြောင့် ခြေထောက်ကျိုးခဲ့ရတဲ့ အမေဖြစ်သူရဲ့ဘဝကို ရင်နာနာနဲ့ သိခဲ့ရပြီးတဲ့အချိန်မှာ ဖခင်ဖြစ်သူရဲ့ယုတ်မာမှုကြောင့် အတိတ်ကိုပြန်ရောက်သွားခဲ့ရပါတယ် ချုံဟွေးဝိန် ရောက်သွားတဲ့အတိတ်ကာလဟာ မိခင်ဖြစ်သူကျောက်ရှောင်လိကို အဘိုးဖြစ်သူက မျက်စိဖောက်ပစ်မယ့်နေ့ရက်အချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ် မိခင်ဖြစ်သူအပေါ် တာဝန်မကျေခဲ့မိတဲ့ဟွေးဝိန်ဟာ မိမိရဲ့အပြစ်ကြွေးတွေကို ဘယ်လိုပေးဆပ်ဖို ကြိုးစားမှာလဲ မိခင်ဖြစ်သူရဲ့ ဆိုးဝါးလှတဲ့အနာဂတ်ကိုရော ကယ်တင်ပေးနိုင်ပါ့မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ် . .