ကျင်းအိမ်တော်ရဲ့ပေါက်စီဟာ ဘေးဆိုင်တွေ မနာလိုရတဲ့အထိ ရောင်းအားကောင်းတဲ့ ပေါက်စီဆိုင်ဖြစ်ပါတယ် ရောင်းတဲ့သူကလည်းလှ ပေါက်စီကလည်း အရသာရှိဆိုတော့ အကန့်အသတ်နဲ့ပါ ရောင်းရတဲ့အထိ နာမည်ကြီးပါတယ်
ဒါပေမယ့် ပေါက်စီဆိုင်ပိုင်ရှင် ကျင်းမမလေးက သူ့သမီးကိုတော့ ဆိုင်ကပေါက်စီ ပေးမစားတဲ့အပြင် ပေါက်စီအစာသွပ်ဖိုအသားလည်း ထွက်မဝယ်ဖူးတာကြောင့် သမီးဖြစ်သူရဲ့ သံသယတွေ တဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ် ဒါတင်မကသေးဘူး ကျင်းအိမ်ရဲ့ မီးဖိုချောင်ထဲ ဝင်သွားသမျှ ယောက်ျားတွေအားလုံး စုပ်စမြုပ်စ ပျောက်ကွယ်သွားတဲ့အတွက် ကျင်းပေါက်စီမှာ သုံးတဲ့အသားနဲ့ ပတ်သက်ပြီး ကောလဟာလတွေအမျိုးမျိုး ထွက်လာခဲ့ပါတယ်
ပရိသတ်တိုရော ဘယ်လိုထင်လဲ ကျင်းမမလေးက တကယ်ပဲ သူ့အလှနဲ့မြှူဆွယ်ပြီး ယောက်ျားတွေကို ဘာလုပ်လိုက်တာ ဖြစ်မလဲ?? ဒီနောက်ကွယ်မှာ အကြောင်းရင်းတစ်ခုခု ရှိနေမလား??
.
.
Leave a Reply