အချစ်ဆိုတာဟာ လူတစ်ယောက်ရဲ့ဘဝကို အမြင့်ဆုံးထိ ဆွဲတင်ပေးနိုင်သလို အောက်ဆုံးထိ ရောက်အောင်လည်း ဆွဲချပေးနိုင်တဲ့အစွမ်းရှိပါတယ်
ကိုယ်အရမ်းချစ်ရတဲ့ချစ်သူဆီက “ဆင်းရဲသားမို မယူနိုင်ပါဘူး”ဆိုတဲ့စကားတစ်ခွန်းကြောင့် သုညဘဝကနေ အချမ်းသာဆုံးသူဌေးကြီးဖြစ်လာအောင် ကြိုးစားခဲ့တဲ့ ပေါ်ယွင်ဖုန်းဆိုတဲ့ကောင်လေးဟာ ချစ်ရသူ စူးချန်ချန်အပေါ်ထားတဲ့ အချစ်တွေနဲ့အမုန်းတွေ ရောထွေးပြီး နာကျင်နေခဲ့ရပါတယ်
လက်စားချေလိုစိတ်အပြည့်နဲ့ စိတ်နာနေခဲ့တဲ့ပေါ်ယွင်ဖုန်းဆီကို အခွင့်အရေးတစ်ခုက ရောက်လာခဲ့ပါတယ် အဲဒါကတော့ ရည်းစားဟောင်းစူးချန်ချန်က ပေါ်ယွင်ဖုန်းရဲ့အိမ်မှာ သန့်ရှင်းရေးသမားအဖြစ် အလုပ်ဝင်လာခဲ့တာပဲဖြစ်ပါတယ်
ဒါပေမယ့် အံ့ဩစရာကောင်းစွာနဲ့ စူးချန်ချန်သာ ကလေးတစ်ယောက်အမေ တစ်ခုလပ်ဖြစ်နေပြီး ပေါ်ယွင်ဖုန်းကိုရော ပတ်သက်ခဲ့တဲ့အတိတ်ကိုပါ ဘာမှ မမှတ်မိနေခဲ့ပါဘူး ပေါ်ယွင်ဖုန်းရင်ထဲမှာ စူးချန်ချန်အတွက် စကားလုံးပေါင်းများစွာ မေးခွန်းပေါင်းများစွာရှိနေခဲ့ပေမယ့် စူးချန်ချန်အတွက်တော့ ပေါ်ယွင်ဖုန်းဟာ သူစိမ်းတစ်ယောက်ထက် မပိုတဲ့အခါ…
ပရိသတ်တိုရော တချိန်က အရင်းနှီးဆုံးပတ်သက်ခဲ့တဲ့ချစ်ရသူကို အခုချိန်သူစိမ်းလူအနေနဲ့ ပြန်တွေ့ခွင့်ရမယ်ဆိုရင် ဘာတွေပြောဖြစ်မယ်ထင်လဲ?? ဘယ်လိုပြောင်းလဲသွားမယ်ထင်လဲ??
.
.
Leave a Reply