Mindblown: a blog about philosophy.

  • Hlowat F – 3

  • Hlowat – 2

  • Pyuksone Takinma – 20

  • Bawa Tay – 8

  • Chitu – 29

    

  • Tar Yin – 37

  • ဘဝသေတဲ့အထိ ဖြစ်သွားစေတဲ့စကားတစ်ခွန်း အပိုင်း ( ၇ ) ( Fut )

    ဘဝ‌ေ-သ တဲ့အထိဖြစ်သွားရတဲ့ စကားတစ်ခွန်းက ဘာဖြစ်မလဲ လင်ဝေးဟာ ဖခင် ထျန်းမင် မိခင် ကျင်းလန်တိုနဲ့အတူ ပျော်‌ရွှင်စရာမိသားစုလေး ပိုင်ဆိုင်ထားပြီး မေတ္တာတရားတွေနဲ့ ပြည့်နှက်နေတဲ့ မိသားစုလေးတစ်ခုဆိုလည်း မမှားပါဘူး ဒီလိုမျိုး သာယာအေးချမ်းနေတဲ့မိသားစုဘဝလေးဟာ ဖခင်ဖြစ်သူ ထျန်းမင်ရဲ့ အသက်၅၀ပြည့်မွေးနေ့မှာ နေ့တွင်းချင်း ရုတ်တရက် ပျက်စီးသွားခဲ့ပါတယ် အဲဒါကတော့ မိခင်ဖြစ်သူ ကျင်းလန်က ထျန်းမင်ကို စကားတစ်ခွန်း တီးတိုးပြောခဲ့တာပဲ ဖြစ်ပါတယ် စကားတစ်ခွန်းက အေးချမ်းနေတဲ့မိသားစုဘဝကို ဖျက်ဆီးပစ်ခဲ့တဲ့အပြင် နောက်ဆက်တွဲ မထင်မှတ်ထားတာတွေ အများကြီး ထပ်ဖြစ်လာတဲ့အခါ…   . .

  • ပျောက်ဆုံးသွားသော သခင်မလေး အပိုင်း ( ၁၉ ) ( Fut )

    စူးရှန့်ဝမ်ဟာ ဒေလီပို့ပြီး ချစ်သူကို ကျောင်းထားပေးခဲ့ပေမယ့် အောင်မြင်လာချိန်မှာ စွန့်ပစ်ခံလိုက်ရတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ် မိမိအပေါ်သစ္စာဖောက်ခဲ့တဲ့ချစ်သူဖန်းဟောက်အပေါ် စိတ်နာနေချိန်မှာ မြို့ရဲ့အချမ်းသာဆုံးသူဌေးကြီး ပေါ်ယဲ့ချင်မှ အပေးအယူတစ်ခု ကမ်းလှမ်းလာခဲ့ပါတယ် အဲဒါကတော့ စူးရှန့်ဝမ်နဲ့ ရုပ်ချင်းအရမ်းတူတဲ့ ချင်ယွီနင်နေရာမှာ ဝင်သရုပ်ဆောင်ပြီး ပေါ်ယဲ့ချင်နဲ့ ချင်ယွီနင်ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့ပဲ ဖြစ်ပါတယ် ဒီကမ်းလှမ်းချက်အတိုင်း ဝင်သရုပ်ဆောင်နေရင်းမှ အခက်အခဲအမျိုးမျိုးကြုံခဲ့ရပြီး ထက်မြက်ပြတ်သားတဲ့ စူးရှန့်ဝမ်ကို သူဌေးကြီးပေါ်ယဲ့ချင် တကယ်ကြွေမိသွားတဲ့အခါ… ပေါ်ယဲ့ချင်နဲ့စူးရှန့်ဝမ်တို့ရဲ့ အပေးအယူ အောင်မြင်သွားနိုင်မလား?? ပျောက်ဆုံးသွားတဲ့ ချင်ယွီနင်အစစ်ကရော ဘယ်ရောက်နေမလဲ?? . .

  • နတ်သမီးလေး ကျန်းရှီချီး အပိုင်း ( ၄၅ ) ( Fut )

    ကျန်းမြောင် (ကျန်းရှီချီး) ဟာ နတ်ဘုရားမလေးတစ်ပါးဖြစ်ပြီး သေမျိုးဘုံမှာ ဆင်းရဲဒုက္ခကိုးပါး လာဖြတ်ကျော်နေတာဖြစ်ပါတယ် ကျန်းမြောင်ဟာ အမတ်အိမ်တော်ရဲ့ သမီးအဖြစ် အယောင်ဆောင်ပြီး မိစ္ဆာရန်က ကာကွယ်ပေးနေခဲ့ပါတယ် ဒါပေမယ့်သမီးအရင်းပေါ်လာတဲ့အချိန်မှာတော့ အမတ်အိမ်တော်ကနေ မောင်းထုတ်ခံလိုက်ရပါတယ် ဒါကြောင့် အမတ်အိမ်တော်ကို စိတ်ဆိုးသွားတဲ့ နတ်ဘုရားမလေးဟာ လက်စားချေဖို စီစဉ်ပါတော့တယ် သရဲဆီကငွေကိုတောင် အလွတ်မပေးဘဲ ငွေအရမ်းမက်တဲ့နတ်ဘုရားမလေးနဲ့ ဘုရင်မရဲ့တစ်ဦးတည်းသော မောင်လေးတို ဆုံမိတဲ့အချိန်မှာတော့… အချိန်တော်တော်ကြာငြိမ်နေတဲ့ မမရှီချီးရဲ့အသစ်ထွက်လာတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် ရှီချီးကရှီချီးပဲမိုလို ဇာတ်လမ်းရိုက်တဲ့အခါ ဘယ်လိုဆန်းပြားတဲ့ ဇာတ်ကွက်တွေပါမလဲ ဘယ်လိုဇာတ်လမ်းကိုသရုပ်ဖော်ထားလဲဆိုတာ အားလုံးစောင့်ကြည့်အားပေးလိုက်ကြပါဦးနော် . .

  • ချစ်သူသိစေ အပိုင်း ( ၂၈ ) ( Fut )

    အရမ်းချစ်ခဲ့ရတဲ့ ရည်းစားဟောင်းကို တစ်ချိန်မှာ ကိုယ့်တူရဲ့ ဇနီးလောင်းအနေနဲ့ ပြန်တွေ့ခွင့်ရမယ်ဆိုရင် ဘယ်လိုနေမှာလဲ?? ရှီးမိန်လီချန်နဲ့ ကျန်းဝမ်ကျင်းတို့ဟာ အရမ်းချစ်တဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ် ဒါပေမယ့် လီချန်ရဲ့ အမေကြောင့် ဝေးသွားခဲ့ရပြီး လီချန်လည်း နိုင်ငံခြားရောက်သွားသလို ကျန်းဝမ်ကျင်းဟာလည်း လီချန်ရဲ့တူနဲ့ စေ့စပ်ခဲ့ရပါတယ် လီချန်ရဲ့တူ ဖုဟယ်ယွဲ့ကို ကျန်းဝမ်ကျင်းမချစ် အထိမခံသလို ဖုဟယ်ယွဲ့ကလည်း ကျန်းဝမ်ကျင်းကို အရွဲ့တိုက်ပြီး မျက်စိရှေ့တင် မိန်းမပေါင်းများစွာနဲ့ ရှုပ်ပွေခဲ့ပါတယ် ဒီလို ဆိုးဝါးလှတဲ့အိမ်ထောင်ရေးတစ်ခုကို အစပြုဖို့ နှစ်ယောက်လုံး မိုက်မိုက်ကန်းကန်း ကြိုး‌စားနေချိန်မှာ ရည်းစားဟောင်းဖြစ်သူ လီချန် ပြန်ရောက်လာတဲ့အခါ… ချစ်ရတဲ့ လီချန်နဲ့ စေ့စပ်ထားသူ ဖုဟယ်ယွဲ့ ဒီနှစ်ဦးမှာ ကျန်းဝမ်ကျင်း ဘယ်သူ့ကို ရွေးချယ်မလဲ?? ကျန်းဝမ်ကျင်းကရော ဖုဟယ်ယွဲ့ကိုမချစ်ဘဲ ဘာကြောင့် စေ့စပ်ခဲ့တာလဲ?? . .

Got any book recommendations?