Mindblown: a blog about philosophy.
-
နှလုံးသားစီရင်ခန်း အပိုင်း ( ၂၅ ) ( END ) ( Fut )
“အသက်ထက်ပိုချစ်တယ်” ဒီစကားဟာ ချစ်သူလင်မယားတွေကြား မကြာခဏကြားရလေ့ရှိတဲ့ စကားလေးတစ်ခွန်းဖြစ်ပါတယ် နှုတ်ဖျားပေါ် သကာရည်လောင်းထားတဲ့ အပေါ်ယံစကားဖြစ်မလား တကယ်ပဲ ရင်ထဲက စကားအစစ်ဖြစ်လားဆိုတာကိုတော့ အချိန်ဆိုတဲ့စက်ဝန်းကြီးက စီရင်ဆုံးဖြတ်ပေးလေ့ရှိပါတယ် ဖုဟန်ချွမ်းဟာ ကျိကျိတက်ချမ်းသာလွန်းတဲ့သူဌေးကြီးဖြစ်ပြီး ရုပ်ရည်လည်း ချောမောသူဖြစ်တာကြောင့် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို ပြောနိုင်ပါတယ် ဒါပေမယ့် သူ့မှာလည်း အားနည်းချက်တစ်ခုရှိနေပါသေးတယ် သူ့ရဲ့ခန္ဓာကိုယ်တွင်းမှာ ပြည့်ဝလွန်နေတဲ့ယန်ဓာတ်က အဆိပ်သဖွယ်လှိက်စားနေပါတယ် သူ့ရဲ့ရောဂါကို ကုသနိုင်ဖိုအတွက် ယင်ဓာတ်ပြည့်ဝတဲ့မိန်းကလေးတစ်ဦးနဲ့ နှစ်ကူးလပြည့်ညအချိန်မှာ သံဝါသပြုမှသာလျှင် ရောဂါပျောက်ကင်းနိုင်မှာဖြစ်ပါတယ် သိုသော်လည်း ယင်ဓာတ်ပိုင်ရှင်အမျိုးသမီးကတော့ ချီစွမ်းအင်ပျက်စီးပြီး သေဆုံးသွားနိုင်ပါတယ် သူလိုချင်တဲ့ယင်ဓာတ်ပြည့်ဝသူကို လတိုင်းရှာဖွေရာက ရှီယွဲဆိုတဲ့မိန်းကလေးကို ကံကောင်းစွာနဲ့ တွေ့ရှိသွားခဲ့ရပါတယ် ကံဆိုးစွာနဲ့ပဲ ဖုဟန်ချွမ်းတစ်ယောက် ရှစ်ယွဲကိုမှ ချစ်မိသွားခဲ့ပါတယ် နှစ်ယောက်ထဲက တစ်ယောက်သေမှဖြစ်မယ့် ကံကြမ္မာမျိုးကို ပိုင်ဆိုင်ထားတဲ့ ဖုဟန်ချွမ်းနဲ့ ရှစ်ယွဲ ဘယ်သူက ရှင်ပြီး ဘယ်သူက အစတေးခံလိုက်ရမလဲဆိုတာကိုတော့ နှစ်ဦးကြားချည်နှောင်မိသွားတဲ့…
-
ဆင်းရဲခြင်းမှ အိုလံပစ်ဆီသို့ အပိုင်း ( ၄၉ ) ( Fut ) ( END )
လင်ဝမ်ဝမ်ဟာ broken family က ဆင်းသက်လာခဲ့ရပြီး အတူနေ ဖခင်ဖြစ်သူကလည်း ဆီးကျိတ်ကင်ဆာ ဖြစ်နေရှာပါတယ် မိခင်ဖြစ်သူကတော့ ကျန်းမာရေးချူချာတဲ့သမီးဖြစ်သူရဲ့ဒဏ်ကို မခံနိုင်ဘဲ မိသားစုကို စွန့်ပစ်သွားခဲ့တာပါ ဆင်းရဲပေမယ့် သိတတ်လွန်းတဲ့လင်ဝမ်ဝမ်ဟာ ရှိတာနဲ့စားပြီး အားဖြစ်အောင် ကြိုးစားရှင်သန်ခဲ့ပါတယ် ဒီလိုမျိုး မွေးကတည်းက ချူချာပြီး အာဟာရပြည့်ဝအောင် မစားနိုင်တဲ့ကလေးမလေးလင်ဝမ်ဝမ်ဟာ အလေးမ, အားကစားမှာ ပါရမီပါလာတဲ့အခါ… ရွှေရှိမှ ရံချင်ကြတဲ့ ဆွေမျိုးသားချင်းတွေအကြောင်း၊ ငွေကြေးမပါတဲ့အိမ်ထောင်ရေးရဲ့ နောက်ဆက်တွဲရလဒ်တွေအကြောင်းကို ရေလည်စွာရိုက်ပြထားတဲ့ ဇာတ်လမ်းမို မင်မင် အထူး Recommend ပေးလိုက်ပါရစေ . .
-
သားမိုက်တစ်ယောက်ရဲ့နောင်တ အပိုင်း ( ၃၈ ) ( END )( Fut )
လင်ယန်ကျိန်းဟာ ဦးနှောက်ကျပ်မပြည့်တဲ့မိခင်တစ်ယောက်ဖြစ်ပြီး သားသမီးနှစ်ယောက်နဲ့အတူ ဘဝကို ချိုချိုတဲ့တဲ့ဖြတ်သန်းနေရှာသူပါ သမီးဖြစ်သူထင်းထင်းက သိတတ်လိမ်မာသလောက် သားဖြစ်သူကျန်းလိန်ကတော့ ဗီဇဆိုးရှိသူတစ်ယောက်ဖြစ်ပါတယ် ကလေးတွေငယ်စဉ်မှာပဲ အမှတ်မထင်ဖြစ်ရပ်တစ်ခုကြောင့် ယန်ကျိန်းတစ်ယောက် သမီးကြီးထင်းထင်းကို ဆုံးရှုးလိုက်ရပါတယ် မသိတတ်တဲ့သား၊ နွမ်းပါးလွန်းတဲ့အခြေအနေကြားမှာ မွေးရာပါ ဦးနှောက်ချိုယွင်းနေတဲ့ယန်ကျိန်းဟာ သမီးဖြစ်သူနဲ့ သားဖြစ်သူအပေါ် ဘယ်လိုမိခင်မေတ္တာကို ပြသွားမလဲဆိုတာကို မင်မင်တို စောင့်ကြည့်လိုက်ရအောင်နော် မိဘဆိုတာ ရူးနေရင်တောင် သားသမီးအပေါ်မေတ္တာမလျော့ဘူးဆိုတာ ပြသွားဇာတ်လမ်းလေးမိုလို အဝေးရောက်သားသမီးတွေ မိဘမေတ္တာလွမ်းဆွတ်နေတဲ့ သားသမီးတွေ ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပါလို အကြံပြုပါရစေ . .
Got any book recommendations?